Know more about the ACC Myanmar

ACC Myanmar
Advanced Culture Center Myanmar

ကျွန်ုပ်တို့၏ ACCM (Advanced Culture Center Myanmar ) ကုမ္ပဏီအား ၂၀၁၉ခုနှစ် ၃လပိုင်း ၉ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံအခြေစိုက်၍ တည်ထောင်ထားပြီး မြန်မာလူမျိုး(Managing Director)နှင့် ဂျပန်လူမျိုး(Director) ရှယ်ယာရှင်များနှင့်ပူးပေါင်းဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ လူငယ်များအတွက်ရည်ရွယ်၍ ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။ယနေ့ခေတ် ပညာရေးအတွက် ရည်မှန်း၍ ဂျပန်နိုင်ငံသို့ပညာတော်သင်စေလွှတ်ခြင်း(ACC)၊ နောင်တစ်ချိန်တွင်အမိမြန်မာနိုင်ငံတွင် နည်းပညာများအားပြန်လည်အသုံးချရန်အတွက် မြန်မာနိုင်ငံရှိလိုင်စင်ရအေဂျင်စီများနှင့်ဆက်နွယ်၍ နည်းပညာသင် (Training Visa) အလုပ်သမားများစေလွှတ်ခြင်းများအားလုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေပါသည်။

MAGOKORO JAPANESE LANGUAGE CENTER

(ACCM)ကုမ္ပဏီ၏လက်အောက်တွင်တည်ရှိ၍မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးဘုရားအနီးတွင်တည်ရှိပြီးသင်တန်းသားဦးရေ(၃၀၀)ကျော်မှာဂျပန်နိုင်ငံသို့ပညာတော်သင်ကြားခြင်း ၊နည်းပညာလုပ်သား (Training Visa)ထွက်ခွါပြီးသူများနှင့်ယခုလက်ရှိသင်ကြားတက်ရောက်နေသူများလည်းရှိပါသည်။နယ်မှ တက်ရောက်လိုသူများအတွက်လည်း Online (Zoom Application) အသုံးပြု၍ ဆရာ/ဆရာမနှင့်မျက်နှာချင်းဆိုင်သင်ကြားနိုင်စေရန် စီမံထားပါသည်။ နှစ်စဉ်ထူးချွန်ထက်မြတ်သောကကျောင်းသား/သူများအားမွေးထုတ်ပေးနေသောကျောင်းဖြစ်ပါသည်။

MAGOKORO NURSE AIDE & CAREGIVER TRAINING CENTER

ဘိုးဘွားစောင့်ရှောက်ရေးအတွက် အင်္ဂလိပ်စာ/ဂျပန်စာ (၂)ဘာသာဖြင့်သင်ကြားပြသပေးလျှက်ရှိပြီး လက်တွေ့လုပ်ဆောင်မှုများ၊စာတွေ့လုပ်ဆောင်မှုများအား သင်ကြားပြသပေးနေပါသည်။ဂျပန်နိုင်ငံတွင်အခက်အခဲမရှိစေရန် သေချာတိကျသောသင်ကြားမှုများဖြင့် လုပ်ဆောင်ပေးနေပါသည်။ သင်တန်းကာလပြီးဆုံးပါက အရည်အချင်းပြည့်ဝသော ဘိုးဘွားစောင့်ရှောက်မှုများကိုပြုလုပ်နိုင်ရန်သင်ကြားလျှက်ရှိနေပါသည်။