ACC Myanamr

Advanced Culture Center Myanmar

ကျွန်ုပ်တို့၏ ACCM (Advanced Culture Center Myanmar ) ကုမ္ပဏီအား ၂၀၁၉ခုနှစ် ၃လပိုင်း ၉ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံအခြေစိုက်၍ တည်ထောင်ထားပြီး မြန်မာလူမျိုး(Managing Director)နှင့် ဂျပန်လူမျိုး(Director) ရှယ်ယာရှင်များနှင့်ပူးပေါင်းဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ လူငယ်များအတွက်ရည်ရွယ်၍ ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။

“ မိမိ၏လုပ်ဆောင်နိုင်သောစွမ်းအားများအား လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန်ဖန်တီးပေးသောနေရာ”​

ဘာကြောင့် ACCM ကုမ္ပဏီကိုရွေးချယ်သင့်သလဲ

ACCM ကုမ္ပဏီသည် လူငယ်များ၏ အိမ်မက်၊ အနာဂတ်မျှော်လင့်ချက်ကိုဖော်ဆောင်သောနေရာပညာသင်ကြားလိုသောသူများအားပညာတော်သင်ကြားခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်အခွင့်လမ်း ( Training Visa)ဖြင့်သွားရောက်လုပ်ကိုင်နိုင်ခြင်း၊ Engineering ဘာသာရပ်ဖြင့် သင်ကြားတတ်မြောက်ထားသော အင်ဂျင်နီယာများအတွက် (Work Visa) များဖြင့်ပံ့ပိုးပေးနေသော နေရာကောင်းတစ်ခုဖြစ်ခြင်းကြောင့် မိမိအနာဂတ်အတွက် အကောင်းမွန်ဆုံးအရာကိုရွေးချယ်မည်ဆိုပါလျှင် ACCMကိုသာရွေးချယ်သင့်ပါသည်။

Collage in Japan

ဂျပန်နိုင်ငံရှိ A.C.C International Culture College
ဂျပန်နိုင်ငံ Shizuoka , Fujinomiya မြို့တွင်ဖွင့်လှစ်ထားသော A.C.C International Culture Collegeသည်၁၉၉၀ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှ စတင်တည်ထောင်ထားပြီးလူငယ်လူရွယ်တို့၏ အနာဂတ်အိမ်မက်များအကောင်ထည်ဖော်စေရန်အတွက်အခြေခံအုတ်မြစ်ချပေးသော ဂျပန်နိုင်ငံရှိဘာသာစကားကျောင်းဖြစ်ပါသည်။
ACCကျောင်း၏ အားသာချက်မှာယဉ်ကျေးမှု၊ဓလေ့၊ထုံးတမ်းများအားသင်ကြားပေးခြင်း ၊ရှေ့ဆက်တက်ရောက်မည့်မိမိ၏အနာဂတ်အိမ်မက်ကိုအကောင်အထည်ဖော်ရန်ပေါင်းကူးတံတားကျောင်းအဖြစ် တည်ရှိနေပါသည်။
A.C.C International Culture College
MAGOKORO JAPANESE LANGUAGE CENTER
MAGOKORO JAPANESE LANGUAGE CENTER မှ A.C.C International Culture College သို့ပညာတော်သင်တက်ရောက်ပို့ဆောင်ပြီးသောကျောင်းသား/သူဦးရေမှာ စုစုပေါင်း (၂၁၃)ဦးရှိပြီးဖြစ်ပါသည်။ထို့အပြင် TOKYO မြို့ရှိ TOKYO BEI NIHONGO GAKUIN တွင်လည်းဂျပန်ပညာတော်သင်များအားစေလွှတ်ပေးလျှက်ရှိပါသည် ။

MAGOKORO JAPANESE LANGUAGE CENTER အားရွေးချယ်သင့်သော အားသာချက်မှာ ACC သို့ တိုက်ရိုက်ပို့ဆောင်ပေးသော ကျောင်းဖြစ်ခြင်း၊အခြေခံမှ စ၍ အရေးအဖတ်အပြောအကြားစွမ်းရည်များအားပိုင်နိုင်စွာသင်ကြားပေးနိုင်ခြင်းများဖြစ်သည်။

ဂျပန်နိုင်ငံရှိ Groupကုမ္ပဏီ များအကြောင်းရှင်းလင်းချက်
About JOBU

In Japan

ဂျပန်နိုင်ငံရှိကုမ္ပဏီဖြစ်သော JOBU မှ Tokutei Ginou Visa ဖြင့်ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်း၊Hotel လုပ်ငန်း၊ ရေထွက်ပစ္စည်း လုပ်ငန်း၊မော်တော်ကားပြုပြင်ရေးလုပ်ငန်းများ နှင့် Engineering အပိုင်း(Work Visa ) ဖြင့် အလုပ်သမားများအားမိတ်ဆက်ဆောင်ရွက်ပေးနေသောကုမ္ပဏီဖြစ်ပါသည်။

About Magokoro

Cooperative

MAGOKORO COOPERATIVE မှ လည်း နည်းပညာသင်တန်းသားများ (Training Visa) ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊မော်တော်ကားပြုပြင်ရေးလုပ်ငန်းများဖြင့် မြန်မာနိုင်ငံမှ နည်းပညာသင်သင်တန်းသားများအားဂျပန်နိုင်ငံတွင်လုပ်ကိုင်နိုင်စေရန် အလုပ်ကိုင်များအားမိတ်ဆက်ပေးလျှက်ရှိပါသည်။